ယနေ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် သောကြာနေ့ တွင် United Engineering Co., Ltd နှင့် WAKITA & Co., Ltd တို့အကြား UE-WAKITA JV EQUIPMENT CO., LTD တည်ထောင်ခြင်း အတွက် တရားဝင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို
(၁) ဦးဥာဏ်ထွန်းဦး ၊၀န်ကြီး၊ လျှပ်စစ်နှင့် စက်မှု လက်မှု ၀န်ကြီဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ
(၂) ဦီးစိန်တင်ဝင်း၊ ဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
(၃) Mr. Sato နှင်. (၄) Mr.Hitoshi Wakita
တို့ ၏ ရှေ့မှောက်တွင်
United Engineering Co., Ltd ၏ Chairman & CEO ဦးဝင်းခိုင် နှင့်
WAKITA & Co., Ltd ၏ President Mr. Teiji Wakita တို့မှ အောင်မြင်စွာ လက်မှတ်ရေးထိုး ခဲ့ပါသည်။
UE-WAKITA JV EQUIPMENT CO., LTD ၏ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက် အသိ အမှတ်ပြု လာကြသော ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီး ၊ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဌ ၊ ဂျပန်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာဆောက်လုပ်ရေး နှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ MES မှ ပုဂ္ဂိုလ်များ၊ အခြား ဖိတ်ကြားထားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ၊ ၀ိုင်းဝန်းကူညီပေးကြသူများ နှင့် သတင်း မီဒီယာမှ ပုဂ္ဂိုလ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။